မနက်ဝေလီဝေလင်း နေမင်းကြီးတောင် မျက်နှာမသစ်ရသေးခင်
ငါရဲ့ တစ်နေ့တာ စတင် ရုန်းကန်ရတယ်။
စက်ရုပ်တစ်ကောင်ရဲ့ အသက်ရှုသံမျိုးနဲ့
ငါ့ဘ၀ကိုနေ့တိုင်းထုဆစ်နေတယ်။
ငါလျှောက်နေတဲ့လမ်းမှာ ကြင်နာမှုတွေမရှိဘူး။
ဂရုဏာတရားတွေ ရှာမှရှား။
ပြိုင်ဆိုင်မှု ရထားကိုစီးနင်းရင်း အောင်မြင်မှုဘူတာရုံဆီဦးတည်။
ဘယ်မှာရှိလို့ ဘယ်လောက်ကြာအောင် ခုတ်မောင်းရဦးမလဲ
ဘယ်ဆီမှာ ရပ်တန့်မလဲ
ရေရာတာ ဘာမှမရှိ။
မောဟသံလမ်းတွေကိုနင်းရင်း စည်းချက်မညီတဲ့ ဂျုံးဂျုံးဂျက်ဂျက်သံဇဉ်တွေနဲ့
ငါပိုင်ဆိုင်တာ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ။
ဒီအရာတွေကို နှစ်သိမ့်ပေးနိုင်တာက
တစ်ခုတည်းသောအမေ့ရဲ့ အားပေးမှု
အမေ့ရဲ့ အကြင်နာ။
ဘယ်အရာကမှလဲ မပေးနိုင်တဲ့ခွန်အားတွေ
အမေ့ဆီကပဲ ငါ တောင်းဆိုမိတယ်။
အရာအားလုံးကို ကျော်ဖြတ်ဖို့ ငါ့အတွက် တစ်ခုတည်သော
လက်နက်က အမေ့ရဲ့ အပြုံး။
အမေ------မိုးပြိုမှာမကြောက်ဘူး။
အမေ မျက်နှာညိုမှာသာ ကြောက်တယ်။
သမီးဘေးနားမှာ ထာဝရပြုံးနေပေးပါနော်။