မရေးတတ်ရေးတတ်နှင့် ၀ါသနာအရ နှလုံးသားမှလာသော ဝေါဟာရများဖြင့် ထုဆစ်ထားပါသည်။

Thursday, September 29, 2011

နှောင်းနောင်တ

အေးချမ်းတဲ့ အောက်တိုဘာတစ်ခုမှာ နိုရာ လောကကြီးထဲကို ရောက်လာတယ်လို့  သိရတယ်။ နိုရာ မှတ်မိသလောက်ဆိုရင် နိုရာအသက်လေးနှစ်လောက်မှာ မေမေက နိုရာကို စာလုံးလေးတွေဖတ်ခိုင်းတယ်။ ရေးခိုင်းတယ်။ ငါးနှစ်လဲရောက်ရော နိုရာ အဖြူ အစိမ်း ၀တ်စုံလေးနဲ့   အလယ်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။ ကျောင်းစတက်တော့ သူငယ်ချင်းဆိုတဲ့ ဝေါဟာရအသစ် နိုရာ့ဦးနှောက်ထဲကို ရောက်လာတယ်။ ဘာမှန်းနားမလည်ပေမယ့် သူတို့  နဲ့  ကစားလို့  ရတယ်လို့  နိုရာသိထားတယ်။ နေ့  လည် အားလပ်ချိန်ရောက်တော့ သူတို့ရဲ့  အတူ ကစားမယ့်ကမ်းလှမ်းချက်ကို နိုရာ လက်ခံလိုက်တယ်။ အဲဒီအချိန်မှာဘဲ မေမေက နိုရာ့ကို နေ့ လည်စားဖို့  လာခေါ်တယ်။ နိုရာ မေမေ ပြောစရာမလိုပဲ ခက်သွပ်သွပ်စားလိုက်တယ်။ စိတ်က သူငယ်ချင်းတွေဆီမှာဘဲရောက်နေတော့ နိုရာ ခဏလေးအတွင်းမှာ အတွင်းမှာပဲ စားပြီးသွားတယ်။ သူငယ်ချင်းတွေဆီကို သွားမလို့  လုပ်တုန်း နိုရာ့ ခြေလှမ်းတွေရပ်တန့် သွားရတယ်။ “ ထိမိခိုက်မိလိမ့်မယ် နိုရာ မသွားရဘူး” ဆိုတဲ့ မေမေ့ရဲ့  အမိန့်  ကြောင့်ပါဘဲ။ မေမေ မမြင်အောင် နိုရာ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်မိတယ်။ ဒါကတော့ နိုရာ ကျောင်းသူဘ၀ရဲ့  ပထမဆုံး တားမြစ်ချက်စတင်ခဲ့တာပါ။
                          နိုရာကျောင်းသူသက်တမ်းတစ်လျှောက်မှာ ကျောင်းပိတ်ရက်တွေကို သူငယ်ချင်းတွေနဲ့  အတူ ပျော်ပါး ဆော့ကစားရင်း ကျော်ဖြတ်ခွင့်မရခဲ့ဘူး။ စာမဖတ်ဘဲအိပ်ရာဝင်ခွင့်ရတဲ့ ညတွေ မပိုင်ဆိုင်ခဲ့ရဘူး။  နိုရာအမြဲကြားခဲ့ရတာကတော့ မေမေနှုတ်ခပတ်ကလာတဲ့ “ နိုရာ ဆရာဝန်ဖြစ်ရမယ် ” ဆိုတဲ့ စကားတစ်ခွန်းတည်းပါဘဲ။ နိုရာ တော်ချင်လို့ မဟုတ်ပေမယ့် လိုချင်တာမရရင် ဆူဆူပူပူဖြစ်အောင်လုပ်တတ်တဲ့ မေမေ့ကို ကြောက်လို့  မေမေ အလိုချင်ဆုံးဆုတွေကို နိုရာယူပေးခဲ့တယ်။ ဒီလိုနဲ့  နိုရာ မြီးကောင်ပေါက်အရွယ် ဆယ်တန်းဆိုတဲ့ ပင်လ ယ်ကိုဖြတ်ရမယ့်နေ့ တွေကို ရောက်လာခဲ့တယ်။ တစ်ဘ၀လုံး ပုံစံခွက်ထဲက ရေခဲတုံးဘ၀ကို ငြီးငွေ့  တဲ့နိုရာ စတင်အငွေ့ ပျံဖို့  ကြိုးစားလာတယ်။ စာဖတ်ချိန်တွေမှာ နိုရာ အိပ်ငိုက်ဖို့  ကြိုးစားခဲ့တယ်။ မေမေဆူရင် ပို ပို ငိုက်ပြခဲ့တယ်။ မေမေ့ဒေါသတွေကို နိုရာ လစ်လျူရှုတတ်လာတယ်။ မေမေ လိုချင်တဲ့အရာတွေကို နိုရာ ဆုံးရှုံးအောင်လုပ်တတ်လာတယ်။ 
                          နိုရာမုန်းတီးလွန်းတဲ့ကျောင်းသူဘ၀ကုန်ဆုံးတဲ့နေ့ ကတော့ ဆယ်တန်းစာမေးပွဲတွေ ပြီးတဲ့နေ့ပါဘဲ။ လှောင်ချိုင့်စံငှက်တစ်ကောင် လွတ်ပျံလာသလိုနိုရာခံစားရတယ်။ လေဟုန်စီးနေတဲ့ စင်ရော်တစ်ကောင်ရဲ့  ခံစားချက်မျိုးနဲ့  နိုရာ အောင်စာရင်းထွက်မယ့်နေ့  ကို မျှော်နေမိတယ်။
                             ၂၀၀၃ ခု၊ ဇွန် ၁၃ ရက်နေ့  နိုရာ အတွက် မေ့မရတဲ့နေ့  ဖြစ်သွားတော့တယ်။ သူငယ်ချင်းတွေ ဂုဏ်ထူးပေါင်းများစွာနဲ့ အောင်ချိန်မှာ နိုရာ တစ်ဘာသာတည်းနဲ့  အောင်ခဲ့တယ်။ မေမေ ကတော့ ငိုကြွေးလို့  မဆုံး။ ခုမှ နိုရာ နောင်တတွေရလာတယ်။ နိုရာ အိပ်ငိုက်နေမဲ့၊ အရွဲ့  တိုက်နေမယ့်အချိန်တွေမှာ ကြိုစားခဲ့ရင်။ ခေါင်းကိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ဖျက်ခဲ့တဲ့ ကျူရှင်ချိန်တွေကို တက်ခဲ့ရင်။ မနက်မနက် နှိုးစက်သံကို မေမေမကြားခင် အသာလှမ်းပိတ်ပြီး ပြန်မအိပ်ခဲ့ရင်-----------။ ခုအချိန်မှာတော့ နိုရာ ဘာကိုမှ ပြန်လုပ်လို့  မရတော့ပါဘူး။ အတိတ်ဆိုတာ ပြန်ရစ်လို့ ရတဲ့ စီဒီတစ်ချပ်မဟုတ်မှန်း ခုမှ နိုရာ သဘောပေါက်သွားတယ်။ 
                                နိုရာမေ့မေ့ လက်ကို ဖွဖွလေးဆုပ်ကိုင်ရင်း တိုးတိုးလေးတစ်ခွန်းပြောလိုက်မိတယ် “ နိုရာ့ကို ခွင့်လွှတ်ပါ မေမေ”။

2 comments:

  1. ဆရာဝန်မဖြစ်လဲ သူဋ္ဌေးမကြီး တစ်ယောက်တော့ ဖြစ်နိုင်ပါသေးတယ်။ ဆက်ကြိုးစားပါ။ အမေ့ကို လုပ်ငန်းပြုစုမယ်ဆိုတဲ့ စိတ်နဲ့ ရည်မှန်းချက် ကြီးကြီးထားပြီး ကြိုးစားပါ။

    ခင်မင်လျှက်

    ReplyDelete
  2. thanks a lot for reading my words

    ReplyDelete